MIT DAY 2026 မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့ (၂၀၂၆)

Rise and Act

ထ၍လုပ်ဆောင်လော့

Nehemiah 2:18, Ephesians 5:14

နေဟမိ ၂:၁၈၊ ဧဖက် ၅:၁၄

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်
September 20, 2026
 

                လေးစားအပ်ပါသောလုပ်ဖော်ဆောင်ဖက်ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား၊

               မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှလှိုက်လှဲစွာနှုတ်ခွန်းဆက်သလိုက်ပါသည်။

      မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့ကိုနှစ်စဥ်ကျင်းပပေးသည့်အတွက် ကျောင်းတော်ကြီးမှအထူးကျေးဇူးတင်ရှိပါသည်။ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့” သည် လာမည့် စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်၊ တနင်္ဂနွေနေ့တွင်ပြန်လည်ကျရောက်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဆရာ/ဆရာမတို့၏အသင်းတော်များတွင်လည်း မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်နေ့ကို ကျင်းပပြုလုပ်ပေးပါရန်လေးစားစွာမေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။

         မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့ကိုကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ – (၁) ပြည်တွင်းပြည်ပရှိအသင်းတော်များထံ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၏အကြောင်းကိုပြောပြရန်၊ (၂) ပြည်တွင်းပြည်ပမိတ်ဟောင်းမိတ်သစ်အသင်းတော်များနှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်အကြားခိုင်မြဲသောထိတွေ့ဆက်ဆံရေးကိုတည်ဆောက်ရန်နှင့် (၃) မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့တွင် ကောက်ခံရရှိသည့်အလှူငွေဖြင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်ကိုကူညီထောက်ပံ့ပေးရန်ဖြစ်ပါသည်။

        ယခုနှစ်ကျောင်းတော်ကြီး ၏ဆောင်ပုဒ်မှာ “ထ၍လုပ်ဆောင်လော့။” (နေဟမိ ၂း၁၈၊ ဧဖက် ၅း၁၄)၊ “Rise and Act” (Nehemiah 2:18, Ephesians 5:14) ဖြစ်ပါသည်။

        ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်သည် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်နေ့၏သက်တမ်း ၉၉ နှစ်မှ ၁၀၀ နှစ်သို့ ချဉ်းနင်း၀င်ရောက်လာသည့်နှစ်လည်းဖြစ်သောကြောင့် ၂၀၂၇ ခုနှစ်တွင် တစ်နှစ်ပတ်လုံးအစီအစဉ်အမျိုးမျိုးဖြင့်ကျင်းပ ပြုလုပ်မည့် “ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်း” အထူးအစီအဉ်များအတွက်လည်း အထူးသတိရဆုတောင်းပေးကြပါရန်လည်း နှိုးဆော်အပ်ပါသည်။